အရိပ်ရတဲ့ မယ်ဇယ်ပင်တန်းတွေက
သူတို့အကြောင်း ကောင်းကောင်းသိတယ်။
ညနေတိုင်း သူတို့ကို စောင့်နေပါတယ်ဆိုတဲ့
သစ်သား နှစ်ယောက်ထိုင်ခုံလေး။
ဝါးပင်တွေ ငုဝါပန်းဆိုင်းတွေ
ရယ်သံတွေနဲ့ လုပ်ထားတဲ့ ချိန်းဆိုခြင်းတွေ
အခုတော့ အသက်ငင်နေတဲ့ လူအပြတ်ဆုံးလမ်းကလေး
တချိန်က ဒီလမ်းကလေးမှာ
လက်တွဲလမ်းလျှောက်ခဲ့ဖူးတာတွေ အဆင်မပြေခဲ့ကြတာတွေ။
အတူတူ တရှိုက်မက်မက် လွယ်ခဲ့ဖူးသော
လမ်းလျှောက်ရင် တလွင့်လွင့် လွယ်အိတ်အစီမ်းလေးများ။
ကျပျောက်သွားတဲ့ ကြယ်တွေကို
သူတို့အတူ လိုက်ရှာဖူးတယ်
မတွေ့တော့ ငိုခဲ့ဖူးတယ်
သူတို့မျက်ရည်တွေကို မိုးလည်းလိုက်မမီဘူး။
အဲဒီမှာ တမာပင် ရှိတယ်
ခင်ဗျားက မတော်တဆ မေးမိခဲ့ရင် တမာပင်က ပြောပြလိမ့်မယ်
သူတို့ ဇာတ်လမ်းလေးက ဒီလို... ဆိုတဲ့အကြောင်း
သူတို့ အမောတကော စီဆင်းဖူးတဲ့
အလွမ်းတကာ့ အလွမ်းဆုံး စမ်းချောင်း။
ပိုင်မင်းဆွေ
.................................................
0 comments:
Post a Comment