ပိုးစိမ်းကောင်လေးတွေ လိပ်ပြာလေးတွေ
သူတို့အသွားအလာလေးတွေ ငေးရင်း
ရပ်
အားလုံးရပ်
သူ မလှုပ်တော့ဘူး။
တိုက်နေတဲ့လေဟာ
သူ ရှိနေမှန်း သတိထားမိပုံ မပေါ်
သူမဟာ သူမအတောင်နဲ့
သူ့ကို ခတ်မယ်လို့ မရည်ရွယ်တဲ့ငှက်ကလေး
လန့်ဖြတ်ခြင်းမှာ ရင်ခုန်သွားပုံ။
သူရှိနေသေးလား မရှိတော့ဘူးလား
မကွဲပြားတော့ဘူး
တခြားအရာတွေ ရှိနေတာကိုပဲ
သူက သူရှိနေတယ်လို့ ခံယူ
ဝါးပင်ဝါးရနံ့ တောတောင်ရဲ့အေးချမ်းမှု
သူ့ ရင်ထဲ ရောက်လာသလား မရောက်လာဘူးလား
သူများတွေရဲ့လှုပ်ရှားမှုတွေထဲ လောလောဆယ်မပါနိုင်သူ
ဘာမှမလိုချင်တော့ဘူး
သူ ဒီမှာ ရှိနေတာ ဘယ်သူ့ကိုမှ မပြောပါဘူးဆိုတဲ့
ကတိစကားလေး တစ်ခုသာ။
ပိုင်မင်းဆွေ
17 September 2007
12:05 pm
2 comments:
ဝါးပင်ရိပ်တွေနဲ့ လေတိုက်ခတ်လို့ ၀ါးရွက်တွေ တရှဲရှဲမြည်သံအောက်
မြက်ခင်းစိမ်းပေါ် လှဲလျောင်းရင်း စာဖတ်ချင်စိတ် ပေါက်သွားပါတယ်။
a yan kone tal pyar.lay sar par del
^^
Post a Comment