နောင်တော် ပိုင်မင်းဆွေ
ခွဲခွာ တိတ်ဆိတ်စွာ... တလွင့်လွင့် လှုပ်ခတ်နေတဲ့ ဇာပ၀ါ ခန်းစည်းလေးရယ်... အမှောင်မလာခင် အဆောင်ပြတင်းဝက ပြာလဲ့လဲ့ရီဝေ... ညနေတွေ အိပ်မက်ဆန်လွန်း... အပျော်ရွှင်ရဆုံး ဇာတ်ဝင်သီချင်းလေးရယ် မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ ညဟာ ချောက်ခြားစရာ အနီရောင်တဲ့ သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည် သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ ရင်ထဲ... တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ တယုတယ ချွန်မြနေရတယ်...။ ။ မင်းစိုးရာ 18.9.2008 00:32 AMသူကလည်း လက်ရှိ စာမျက်နှာပေါ်ရေးသားနေတဲ့ကဗျာဆရာတစ်ယောက်ပါပဲ။
Post a Comment
1 comments:
ခွဲခွာ
တိတ်ဆိတ်စွာ...
တလွင့်လွင့် လှုပ်ခတ်နေတဲ့
ဇာပ၀ါ ခန်းစည်းလေးရယ်...
အမှောင်မလာခင် အဆောင်ပြတင်းဝက
ပြာလဲ့လဲ့ရီဝေ...
ညနေတွေ အိပ်မက်ဆန်လွန်း...
အပျော်ရွှင်ရဆုံး ဇာတ်ဝင်သီချင်းလေးရယ်
မှန်ကွဲစတွေ လိုက်ကောက်မိတော့မှ
ညဟာ ချောက်ခြားစရာ အနီရောင်တဲ့
သူ့မျက်တောင်လေးတွေ ဘယ်လောက်ရှည်ရှည်
သူ့မျက်ရည်ကို ကွယ်ထားလို့မှမရတာ
ရင်ထဲ...
တမြေ့မြေ့စိုက်ဝင်လာတဲ့ ဒဏ်ရာကိုပဲ
တယုတယ ချွန်မြနေရတယ်...။ ။
မင်းစိုးရာ
18.9.2008
00:32 AM
သူကလည်း လက်ရှိ စာမျက်နှာပေါ်ရေးသားနေတဲ့ကဗျာဆရာတစ်ယောက်ပါပဲ။
Post a Comment