visitor map လေးကို ကြည့်လိုက်တော့
0 places today ( 0 views) တဲ့။
ကဗျာလာရောက်ဖတ်တတ်တဲ့သူတွေကို စိတ်ပျက်စေသလို
ဘယ်သူ့ကိုမှလည်း နှုတ်မဆက်ဖြစ်တော့ ဘလော့လေးက သေနေခဲ့ပါပြီ။
ကဗျာတွေရေးဖို့ ရေခံမြေခံ အရင်းအမြစ်တွေပျောက်ဆုံးသွားခဲ့သလို
စိတ်ဓာတ်ဖျားနာနေတာလဲ ပါတာပေါ့။
ဒီရက်ပိုင်းလည်း ကဗျာလေးတွေကြိုးစားရေးဖို့ ကြိုးစားနေမိပါတယ်။
လကုန်ဖြေရမယ့် စာမေးပွဲကလည်း မအောင်ရင် ရပ်နားတင်ရမယ် ဆိုတော့
လောလောဆယ်တော့ စာအုပ်ပုံထဲ ကူးခပ်ရဦးမယ်။
ဂျွန်လ ဒုတိယ ပတ်လောက်မှာ မိုးစက်တွေနဲ့ ကဗျာလေးတွေနဲ့ ပြန်လာပါမယ်ဆိုတဲ့အကြောင်း
သူငယ်ချင်းများကို အော်ဟစ်လိုက်ပါတယ်ခင်ဗျား...........။
.................................................................................................
8 comments:
အိုကေ ပြန်လာစေဗျားး :) နောင်တော်ကြီးရေ ဘာမှပူနေနဲ့ စာမေးပွဲအောင်မှာ သေချာပေါက် ညီဟောလိုက်မယ် :P ဂျွန်လရဲ့မိုးရေစက်တွေနဲ့ပြန်လာမယ်ဆိုပြီး အဲစာအုပ်ကြီးယူမလာနဲ့နော် အဟဲ.. စတာဗျို့ အကိုကြီးညစ်နေမှာစိုးလို့ အားလုံးအဆင်ပြေပါစေဗျာ ကဗျာတွေလဲ အများကြီးဆက်လက်ရေးသားနိုင်ပါစေ
ကဗျာတွေကို မျှော်နေပါ့မယ်ဗျာ။ ကျွန်တော်လဲ မရောက်ဖြစ်တာ အမှန်ပါ။ အကို ပြန်လာတဲ့ အချိန်မှပဲ အမြဲလာဖတ်တော့မယ်။
ကဗျာလေးတွေနဲ့ ပြန်လာမယ့် ကိုနောင်တော်ရဲ. ကဗျာကို စောင့်မျှော်နေပါတယ်
ကျွန်တော်လာဖတ်သွားတယ်
ကဗျာတွေကိုရင်ထဲမှာ ခဏသိမ်းထားပေါ့
မြန်မြန် ပြန်လာခဲ့ပါဗျို့ ၊ ကျွန်တော်လဲ ပြန်အော် ပြောလိုက်ပါတယ် ၊ စာမေးပွဲလဲ အဆင်ပြေပါစေ ။ ။
ဆက်လက်ပြီါ် အားငယ်နေမှာဆိုးလို့.. ၀င်ပြောတာပါဗျာ။။။
ထပ်ပြောမယ်.. အားမငယ်နဲ့
၃ခါတိတိ အားပေးသွားပါတယ်...
Post a Comment