တစ်ချိန်က စိမ်းလန်းခဲ့ဖူးတယ်ဆိုတာ မမှတ်မိလောက်အောင်။
နေ့တွေဟာ
စကားပန်းပွင့်လေးကို တံဇဉ်နဲ့ ရိတ်သိမ်းသွားခဲ့တယ်
သော့တုနဲ့ ရိုင်းစိုင်းမှုကို တစ်ရစ်ချင်း ဖွင့်လှစ်ခဲ့တယ်
ဇာတ်ကြမ်းနဲ့ ဇာတ်လမ်းကို မောင်းနှင်ခဲ့တယ်။
နေ့တွေဟာ
ဘုရားကျောင်းကန်ထဲက အနမ်းတွေကို ပြစ်ဒဏ်ခတ်ခဲ့တယ်
ကောင်းမွေ ဆိုးမွေ အကုန်လုံးကို လျော်ကြေးတောင်းတယ်
စိတ်ကို ဘလိတ်ဓားနဲ့ မွှန်းပြီး သတ်ဖြတ်ခဲ့တယ်။
နေ့တွေဟာ
မရ/၂၃၂၄၁ တရုတ်ဆိုင်ကယ်လေးပေါ်ကနေ ခုန်ချ ကျန်ရစ်တယ်
ချင်းတွင်းမြစ်ကမ်းဘေးက ကိုင်းပင်တွေကို အမြစ်ပါမကျန် ခုတ်လှဲခဲ့တယ်
လင်းနေတဲ့ကြယ်လေး ကို သွေးဆောင် အမှောင်ချခဲ့တယ်။
နေ့တွေဟာ
စာသင်ခန်းထဲကနေ မြို့ကြီးပြကြီးကို ပြောင်းရွှေ့ခဲ့တယ်
မြို့ကြီးပြကြီးမှာ သူစိမ်းနဲ့တွဲခုတ်ခဲ့တယ်
ထွဏ်းခမ်သီချင်းကို စာသားပြောင်းပြီး သီဆိုခဲ့တယ်။
နေ့တွေဟာ
အိမ်အ၀င်က စံပယ်ပင်တွေကို အမြစ်မှာ ပိုးလိုစားခဲ့တယ်
ဝါးပက်လက်ကုလားထိုင်လေးပေါ်က အိပ်မက်တွေကို ရယ်မော စော်ကားခဲ့တယ်
အသားထဲထိ ဖောက်ဝင်လာပြီးမှ ပျံသန်း ထွက်ခွာ သွားခဲ့တယ်။
နေ့တွေဟာ
သစ္စာတရားအကြောင်း ဆက်မကြားနိုင်တော့လို့ ကိုထွန်းဆိုင်ထဲက မောင်းထုတ်ခံ၇တယ်
ပြနေတဲ့ဇာတ်ကားမှာ ရိုးသားမှုကို ဓားနဲ့ထောက်ပြီး ကျော်ကြည့်ခိုင်းတယ်
မြန်မာငွေကနေ နိုင်ငံခြားငွေကို လဲလှယ်ခဲ့တယ်။
နေ့တွေဟာ
သေတဲ့အထိ လိမ်လည်လှည့်ဖျားနေခဲ့တယ်
ယုံကြည်မှုကို လောက်တွေလို ဗိုက်ထဲဝင်ပြီး ဖောက်စားခဲ့တယ်
သူစိမ်းတွေနဲ့ပေါင်းပြီး သူများအိုးခွက်ပုဂံတွေကို ရိုက်ခွဲခဲ့တယ်။
နေ့တွေဟာ
လေဆိပ်မှာ နောက်ဆုံး တွေ့ဆုံခဲ့တယ်။
နေ့တွေဟာ
အတူနေမယ့် အိမ်လေး ကို ဖျက်ဆီးခဲ့တယ်။
ပိုင်မင်းဆွေ
3 April 2010
8:09 AM.
2 comments:
အလိုဗျာ
နေ့တွေဟာ
ကြယ်လေးကို စံပယ်ဖြူတွေပွင့်တဲ့
အိမ်ကလေးက ဆွဲဖဲ့ပြီး
အဝေးတနေရာကို
ပျံသန်းထွက်ခွာ သွားခဲ့တယ်...:(
Post a Comment