အငယ်ကောင်က ထမင်းဝိုင်းပြင်တော့
အကြီးကောင်က ဓားသွေးနေတယ်
ညီမလေး ပန်းကန်တွေ ဆေးထားပါ
ဖေဖေ ပြန်မလာသေးဘူးလား
မေမေ အိမ်ရှေ့ထွက်မျှော်နေတုန်းပဲလား။
ပိုင်မင်းဆွေ
အကြီးကောင်က ဓားသွေးနေတယ်
ညီမလေး ပန်းကန်တွေ ဆေးထားပါ
ဖေဖေ ပြန်မလာသေးဘူးလား
မေမေ အိမ်ရှေ့ထွက်မျှော်နေတုန်းပဲလား။
ပိုင်မင်းဆွေ
(ဂျူလိုင် ၂၀၁၀)
4 comments:
ကိုပိုင် ရေ ခုတလော အိမ်ကို အရမ်းလွမ်းတယ်ဗျာ
:(
မေမေ့နားမှာ နေချင်တယ်
ညီမလေးနဲ့ အိပ်ချင်တယ်
ဖေဖေ ဆူတာ ကြားချင်တယ်
အိမ်ပြန်ချင်တယ်
=((
>မောင်ခင်လေး..
ညီလေး.. အတူတူပါပဲကွာ။ တကယ်ကိုယ်ချင်းစာလို့ အိမ်ကို သတိရနေသူချင်းအတူတူ တစ်ခုခု လုပ်ပေးချင်စိတ်ပေါ်မိတယ်။ ကဗျာတွေရေး... ကိုယ့်ဆီလည်း လာလည် ကဗျာတွေလာဖတ်ပေါ့ကွာ...
>နန်းလေပြည်နု
ညီမလေး... ဒီမှာ အိမ်ပြန်ချင်တဲ့ လူတွေ လာစုနေကြတယ်။ ပြန်တာပေါ့လေ... ။
အကိုတော့ အိမ်ပြန်ချင်တဲ့အခါတိုင်း ပြန်လိုက်တာပဲ... Google Earth ကနေပါ။
အောက်က ကဗျာလေး မဖတ်သေးရင် ဖတ်ကြည့်လိုက်ကြအုံး။ ရောက်ရာအရပ်မှာ ပျော်ရွှင်ပါစေ။
*သတိရတိုင်း ငါပြန်တဲ့ မြို့
ဘယ်လို မိသားစု ကဗျာမျိုးကမှ ရိုးမသွားခဲ့ပါဘူး အစ်ကို ။
ခင်မင်လေးစားစွာဖြင့် ။
Post a Comment