လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Tuesday, July 31, 2007

ဝါးတော

မြို့အစွန်တောလမ်းလေးကိုလွန်ရင်
ရင်ထဲကို သူရောက်လာလိမ့်မယ်။

ဗန်းစကားတွေနဲ့ ဝေးတဲ့အရပ်မှာ
သူနေတဲ့ စမ်းရေအိုင်လေးရှိတယ်
ကျေးငှက်တွေ တေးသီလို့မဆုံး။

မျှစ်ချိုးတဲ့သူတွေ ရောက်လာတတ်တယ်
ငှက်ပစ်တဲ့သူတွေ ရောက်လာတတ်တယ်
အမည်မဖော်လိုသူတွေလည်းရောက်လာတတ်တယ်
သူဟာငြိမ်သက်လို့။

လေတိုက်တာကိုသိချင်ရင်
သူ့ဆီကို နားစွင့်ရတယ်
ခံစားတတ်ရင် သီချင်းတစ်ပုဒ် ကဗျာတစ်ပုဒ်ပဲ။

နွေရာသီရောက်ရင်တော့ အကိုင်းချင်း "ချစ်" မိရာက
နတ်မကြိုက်လို့ သူမှာ မီးခိုးတွေအူ။

မင်းဆွေထွန်း

မေ ၂၀၀၇
မဟေသီ


မှတ်ချက်။ ။ ကလောင်ခွဲ မင်းဆွေထွန်း နဲ့ ဖော်ပြခဲ့တဲ့ကဗျာ။

1 comments:

Anonymous said...

Hello. And Bye.