လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Sunday, February 3, 2008

အခန်းရဲ့ အပြင်အဆင် ၃

လှုပ်ပြီးမှ သောက်ပါ
သောက်ပြီးမှ ကျွမ်းတွေ တသွင်သွင်ထိုးနေတော့တယ်
အဲဒါကြောင့်လည်း ဒီဆေးသောက်နေရတာပေါ့တဲ့။
ခင်ဗျားနာမည် ဘယ်လိုခေါ်ပါသလဲ
ကျွန်တော်က ကဗျာဆရာဖြစ်ပါတယ်
ကြုံတုန်း ကျွန်တော့ ခြံထဲ လိုက်ပြပါရစေ
ကျွန်တော့ခြံဟာ ကမ္ဘာမြေ ဖြစ်တယ်။
ခင်ဗျားက ပိုက်ဆံကို ရေလိုရှာတဲ့နည်း ပြောတဲ့အခါ
ကျွန်တော်က ကဗျာကို ရေလိုရှာတဲ့နည်း မပြောတတ်ခဲ့ပါ
ခင်ဗျားလက်နဲ့ ခင်ဗျားချစ်သူ ပြီးပြည့်စုံနေချိန်မှာ
ကျွန်တော့်လက်ကတော့ ပြတ်ထွက်နေခဲ့တယ်။
ကျွန်တော့စားဝတ်နေရေးကို ခင်ဗျားက စိတ်ပူနေပါသလား
ကျွန်တော့်ပိုင်ဆိုင်မှုဟာ ဘီလ်ဂိတ်ထက် များနေပါတယ်။

ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ခံယူသော
က ဗျာ ဆ ရာ
ဖြစ် .. ပါ .. တယ် ။

ပိုင်မင်းဆွေ
..............................................................................

5 comments:

david santos said...

Hello,
Happy Chenese New Year 2008.
Peace for people of Myanmar.

Until always.

David Santos

Anonymous said...

d poem lay co like par tal... :)

Unknown said...

ကံစီမံရာနေ့စွဲများ

မေးခွန်းတွေဖတ်ရင်း တစ်စတစ်စနဲ့ခက်ခဲလာတဲ့နေ့များ
အဖြေတွေကျက်ရင်း တစ်စတစ်စနဲ့လျော့ရဲလာတဲ့နေ့များ
ရှေ့တိုးနောက်ဆုတ် ချော်လဲရောထိုင် မရေမရာနေ့များ
မသေချာဘူး မရေရာဘူး ပစ်မှတ်လွဲချော်နေသောနေ့များ
ခြစ်ရာများ အဖုံးတွင်းကံစမ်းမဲများ အခုသောက်အခုပေါက်နေ့များ
အလျားလိုက် ဒေါင်လိုက် ဖြစ်သလိုအလေ့ကျနေ့များ
စိတ်ကောက်လိုက် ပြန်ချော့လိုက် ဖျတ်ဖျတ်လူးနေ့များ
အိုးထရက်ဖို့ဒ် မန်ယူVsအာဆင်နယ် ငွေကြေးစေညွှန်ရာနေ့များ
မှောက်ဖဲကြည့်စရာမလို တစ်ကိုးကင်း အဖြစ်ဆိုးခြင်းနေ့များ
ချစ်တယ်ခဏခဏပြော ယုံရဲ့လားမကြာမကြာမေးသော ပုခုံးပါးမှီနေ့များ
တေပေလေလွင့် ဖြစ်ချင်ရာဖြစ်မောင်ဘချစ်နေ့များ
ရှေ့မှာချောက်ကမ်းပါး နောက်မှာသားရဲ သေရင်မြေကြီး ရှင်ရင်ရွှေထီးနေ့များ
အင်တာနက် chat room မီးကျိုးမောင်းပျက် မြန်မာတစ်ဝက်အင်္ဂလိပ်တစ်ဝက်နေ့များ
ဂျင်းဘောင်းဘီအပြဲ အင်္ကျီဟကွဲ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နေ့များ
လည်ဟိုက်အင်္ကျီ နှုတ်ခမ်းနီ မီနီစကတ် ရယ်ဒီမိတ်နေ့များ
မြို့ပြယဉ်ကျေးမှု လူနေမှုအဆင့်အတန်း တစ်သင်းလုံးတက်တစ်သင်းလုံးဆင်းနေ့များ
သွေးရူးသွေးတန်း ထိတ်လန့်သွေးပျက် အအိပ်မဲ့နေ့များ
အိမ်အပြန် ချောက်ခြားမှောင်မိုက် ခလုတ်ခဏခဏတိုက်သောနေ့များ
အမှားအမှန် အဖြေမှန်မသဲကွဲသောနေ့များ
နောက်တစ်နေ့ ပြီးတော့မနက်ဖြန် ကံစီမံရာနေ့များပဲပေါ့ ။ ။


အောင်ပိုင်စိုး
PS မနက်ဖြန် ဘာဖြစ်လာမှန်းမသိတဲ့အနာဂတ်အား ရည်ညွှန်းလျက်


ခင်ဗျားနှင့်တကွ ကဗျာချစ်သူများဖတ်ဖို့ ကဗျာတစ်ပုဒ်ထည့်ပေးလိုက်ပါတယ်။ကျွန်တော်ဟာ ယနေ့ စာမျက်နှာထက်မှာ ကဗျာရေးသားလျှက်ရှိသော ကဗျာဆရာတစ်ယောက်ပါ။ခင်ဗျားရဲ့ ကဗျာအပေါ်ထားရှိတဲ့စေတနာကို လေးစားပါတယ်။ယနေ့ အပြင်စာမျက်နှာများပေါ်မှာ ပါဝင်ရေးသားဖို့ဖိတ်ခေါ်လိုပါတယ်။ အမှ်တရား အတွက် ကဗျာဟာ အမြဲရှေ့ဆက်နေမယ်လို့ ယုံကြည်လျှက်.........။

အောင်ပိုင်စိုး

ကျွန်တော့် email address က aungpaingsoee@gmail.com ပါ။

Unknown said...

ပန်ကာလေးလည်နေတယ်



ပူလောင်ကျပ်တည်းလှတဲ့
အကျယ်ဆုံးခန်းမကြီးထဲ
အသေးငယ်ဆုံးပန်ကာကလေး
ဖျော့တော့လေးတွဲ့စွာ...
အသက်ရှုနေတယ်
ပြတင်းပေါက်တွေရယ်...
မဖွင့်ချင်တော့ဘူး။




မင်းစိုးရာ

Pie Min Swe said...

ကိုအောင်ပိုင်စိုး

ခင်ဗျားကဗျာလေး ကောင်းတယ်ဗျာ။
အရေးတယူနှုတ်ဆက်လို့ ၀မ်းသာပါတယ်။
ကဗျာနဲ့ လက်တွဲ ချီတက်ကြမယ်။
အမှန်တရားအတွက်ပေါ့။
ခင်ဗျားဂျီ အကောင့်ကို အက်လိုက်ပါပြီ။
တွေ့မှ စကား အေးအေးဆေးဆေး ပြောရအောင်။