လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Saturday, April 5, 2008

အခန်းရဲ့အပြင်အဆင် ၅

ပွဲဈေးတန်းလျှောက်ချင်တဲ့စိတ်ကို
နတ်သမီးလေးနဲ့ ထိန်းကွပ်ထားရတယ်။

ငါ့ဘ၀ တောင်ယာတဲလေးအပေါ်
မိုးတွေဆိုတာလည်း အရမ်းရွာတာပဲ
ကိလေသာကနေ လွတ်နေတာလား ငြိနေတာလား
ငါဘာမှ မတတ်နိုင်ဘူး။

၇-ရက်နေ့မှာ ငါရိုက်လိုက်တဲ့ ကြေးနန်းက
၈-ရက်နေ့မှာ ငါ့ဆီပြန်ရောက်လာတယ်
လိပ်စာမှားပေးမိသူ။

ငါ့ညီရဲဝင်းရေ
မင်းမှာလည်း မကြာခင်သိလာမှာပါကွယ်
ငယ်ငယ်တုန်းက မင်းကြောင့်ငိုခဲ့ရတဲ့ မင်းအစ်ကို
အခု ငိုစရာတွေများလွန်းလို့ မျက်ရည်မထွက်နိုင်အောင်ဖြစ်ရပြီ

မင်းအစ်ကိုဟာ စိတ်ပျံ့လွင့်လွယ်သူ
တွေးမိခေါ်မိသမျှ ဘာတစ်ခုမှ လက်တွေ့မလုပ်ဖူးသူ
မင်းအစ်ကိုက ကြယ်တွေကိုမှ ဖွဲ့နွဲ့ချင်ပါသတဲ့
ဒီတစ်ခါလူတွေရဲ့ရယ်သံက ပိုကျယ်လောင်သွားတယ်

ကမ္ဘာမြေကြီးအတွက် မရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်
တစ်ချိန်မှာ မင်းဖတ်မိခဲ့လို့
မင်း တွေ့ရမယ့် အရောင်မွဲမွဲ အိပ်မက်များ
ဒဏ်ရာတစ်ခုမှ မရှိသလို နေထိုင်ခဲ့မှုများ
မျှော်လင့်ခြင်းလေပြင်းတွေ တိုက်ခတ်လာတဲ့အခါ
မင်းအစ်ကိုရဲ့အချစ်ရေးကလည်း သုံးမရအောင်ပွန်းပဲ့သွားတဲ့အကြောင်း
ဒါဟာလည်း မင်းအနေနဲ့ ဖတ်သင့်တယ်ဆိုတဲ့
စာအုပ်ပေါ့လေ။

ပိုင်မင်းဆွေ

....................................................................................................................

4 comments:

နှင်းပွင့်ဖြူ said...

ကဗျာလေး ကောင်းတယ်
အထူးသဖြင့် နောက်ဆုံးအပိုဒ်ကို ကြိုက်တယ်။
ကိုပိုင်မင်းဆွေကဗျာက နည်းပေမဲ့ အပုဒ်တိုင်း အရမ်းကောင်းတယ်။

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Celulite, I hope you enjoy. The address is http://eliminando-a-celulite.blogspot.com. A hug.

တင့်ထူးရွှေ said...

ခံစားမှု့တွေ တိုက်ဆိုင်နေလို့လားမသိဘူး
အကုန်လုံး ရင်ထဲရောက်တယ် ........

Anonymous said...

မင်းအစ်ကိုရဲ့အချစ်ရေးကလည်း သုံးမရအောင်ပွန်းပဲ့သွားတဲ့အကြောင်း


ကောင်းတယ်