လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Monday, August 16, 2010

ငါနဲ့လမ်း

ခြေတစ်လှမ်းချလိုက်တိုင်း ပို၍ဆန့်ကား
ရှည်ထွက်သွားတဲ့လမ်းမ
အဲဒီလမ်းမဟာ
တစ်ဦးတစ်ယောက်တည်းအတွက် ရှိနေခဲ့ပြီး
အဲဒီတစ်ဦးတစ်ယောက်ဟာ ငါဖြစ်ခဲ့တယ်
ငါ့အလုပ်က
ရပ်တန့်နေဖို့ မဟုတ်ဘူးတဲ့
ငါလျှောက်နေရပေါ့
အဲဒီလမ်းမပေါ်မှာ
တစ်ယောက်တည်း။

နေမျိုး

လူဖြစ်ရတာကောင်းတယ် ကဗျာစာအုပ်မှ




2 comments:

ဇာနည်မောင် said...

မင်္ဂလာပါရောက်လာပါတယ် အချိန်ရရင် http://justfreeman.blogspot.com နဲ့ http://pyichittharmaung.blogspot.com ကိုအလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်

bravo said...

ဒီ ကဗျာ လေး အတွက် ကျေးဇူး တင် ပါတယ်ဗျ

ဘရာဗို
http://mmbravo.net