လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, January 11, 2008

ဆောင်း ၃



ငှက်ကလေးရဲ့ တေးသံလည်း
လေထဲမှာ ခဲသွားလေတယ်။

အပ်တွေထိုးကျလာသလို
တဖောက်ဖောက်နဲ့ နှင်းတွေ
ညီလေး မင်းမှတ်မိလား ၊ မြို့လေးမှာ။

ဆောင်းကို အကောင်းမြင်သူ ချယ်ရီပင်လေး
သူက အပြုံးနဲ့ကြိုတယ်
သူ့အပြုံးက ချယ်ရီပွင့်ရဲရဲလေး။

လမ်းလျှောက်ထွက်လာတဲ့ သူတွေကို ကြည့်ရင်း
ဆောင်းဟာ စိတ်ကောင်းဝင်လာတယ်
မိတ်ဟောင်းတစ်ယောက်လို ကြည်စယ်
နှင်းပွင့်ဖြူဖြူလေးတွေအဖြစ်နဲ့ ။

အညာဆောင်းကို
အညာထည် ဖျင်အကျီလက်ရှည်လေးတွေနဲ့ပဲ
ဖြစ်သလို ဖြတ်သန်းတော့
တစ်ယောက်နဲ့တစ်ယောက် ဖက်ထားရတယ်။

ရိုင်းစိုင်းကြမ်းတမ်းမှုတွေကိုလည်း
သူက ရေခဲရိုက်ပစ်မယ်
ဂျာမနီ ဆောင်းရှုခင်း
သူငယ်ချင်းမလေး ရဲ့ ဓာတ်ပုံထဲ
ကိုယ် ဒီလို မြင်ရတယ်။

(ဆက်ရန်)

ပိုင်မင်းဆွေ

....................................................

0 comments: