လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Monday, October 5, 2009

လင်စိတ်သားစိတ်များ

အမှောင်ကို မိုးကာ အင်္ကျီတစ်ထည်လို ခြုံရင်း
ညှို့ထားတဲ့ ဂီတဟာ
လမ်းကြားတွေထဲ စီးဆင်းသွားတယ်။

အာရုံဟာ ဆံဖျားတွေထိ
တဆတ်ဆတ် လွန့်လူး ထိုးတက် တုန်ခါ
စိတ်လျော့လိုက်တာနဲ့ မီးလောင် ပျက်စီးသွားတော့မယ်
ဒီစံပယ်ပန်းပင်လေးဟာ
ရိုးသားသလောက် ရိုင်းစိုင်းကြမ်းတမ်း လွန်းလှရဲ့။

သင့်လက်ချောင်းတွေနဲ့ ထိလိုက်တဲ့အရာတိုင်း
မခံနိုင် အရည်ပျော်ကျ
သံခဲတွေလည်း မနေရဘူး အရည်ပျော်ကျ
သင်ဟာ သင့်ကိုသင် မယုံတော့ဘူး
မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ပြီး လမ်းမပေါ်ပြေးထွက်။

ယမ်းဖောက်ခွဲအပြီး ဆက်တင်ဟာ
မီးခိုးငွေ့တွေနဲ့ မှုန်ဝါးကျန်ခဲ့
အခိုးအငွေ့တွေကြားမှာ သင့်ပုံဟာ မသဲကွဲဘူး
ငွေရောင် ပိတ်ကားပေါ်မှာ ဒီလိုပဲ သင်မြင်ရမယ်
သင်ဟာ ဒူးထောက်လိုက်တယ်
တစ်ခုခုကို ဆုတောင်း ရွတ်ဆိုလိုက်သလို အက်ရှင်နဲ့။

ကိလေသာကင်းစင်တော်မူသော ဘုရားသခင်
တပည့်တော်တို့ဟာ
ဒီလိုနဲ့ ပေါက်ဖွားလာခဲ့ပါပြီ
သစ္စာကို မသိသေးသရွေ့... လို့။

ပိုင်မင်းဆွေ

4 comments:

pandora said...

ပြန်လည်ကြိုဆိုပါတယ် ကဗျာလမ်း
စိတ် တွေကတော့ မကုန်သေးဘူးထင်ရဲ့

စိုင်းလောဝ်ပိန်း said...

အားပေးလျှက်ပါဗျာ။ ပျောက်ချက်သားကောင်း။

က+ဗျာ+လှည်း said...

သစ္စာကို မသိသေးသရွေ့တော့ ပေါက်ဖွားလိုက်... သေဆုံးလိုက်။ ဖြစ်လိုက် ပျက်လိုက်ပါပဲ။

သုဏော်စိုင်း said...

အ၀ိဇ္ဖာပေမဲ့ မဟားဒရားလှတော့
ပုထုဇဉ် ပီပီ မှားကြတာပေါ့ဗျာ...