လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, March 19, 2010

မုံရွာ

ချင်းတွင်းမြစ်ထဲ
ပဲမျိုးစုံ လှိမ့်လှိမ့် စီးဆင်းလာရာ ကမ်းစပ်ဆီ
သင်္ဘောဟာ ကျောက်ချလိုက်တယ်။

မိုးညှင်းသဗ္မုဒ္ဓေကို သွားမယ့် လိုင်းကားပေါ်
ခရမ်းချဉ်သီးပင်တွေက သီးပွင့်ပြခဲ့တဲ့ မြန်မာငွေတွေ
အိနြေ္ဒရရတက်ထိုင်နေတယ်
ဝါဂွမ်းတွေ ထန်းလျက်တွေ
ခင်ဗျားတို့ ခန္ဓာကိုယ်ပေါ် ဧည့်ခန်းဆောင်ပေါ် သို့အသွား
လိုင်းကားစီးရတယ် မြစ်ကို ဆန်ရ ဆုန်ရတယ်။

မြစ်ဟာပြောင်းပြန်စီးဆင်းတတ်သတဲ့
အောက်အကြေဆီက ပက်ကင် လှလှလေးတွေ စပိဘုတ်နဲ့ ဆန်တက်လာတယ်
အဝေးပြေးကားတွေက တံတားသစ်မှာ ဂျက်လေယာဉ်တွေလိုမောင်းလာနေလေရဲ့။

ဘုရားဖူးကားတွေ မြို့ကို ကွင်းမောင်းသွားကြပြီ မုံရွာ
ဗောဓိတစ်ထောင်၊ ကျောက္ကာရွှေဂူနီ
ရွှေတောင်ဦး၊ အလောင်းတော်ကဿဖ၊ ဖိုးဝင်းတောင်
အပြန်မှာ လယ်တီကျောက်စာတိုက်ဝင်မယ်တဲ့
လက်ပြသွားကြ လက်ပြသွားကြ။

ပါးပေါ် သနပ်ခါးကျဲကျဲလိမ်းထားတဲ့ မုံရွာ
အဝေးပြေးကားပေါ်တက်လာတဲ့ အညာသားကို လျှပ်တပြက်အင်တာဗျူးတယ်
ရန်ကုန်ဆင်းမယ်ဆိုပဲ....
ထိုမှ တဆင့် စင်ကာပူ သွားမယ်တဲ့ ....

(ဆက်ရန်)

ပိုင်မင်းဆွေ



ဘလော့ပြန်ရေးမယ်လို့ စဉ်းစားမိတယ် ....

ဘလော့လေးပြန်ရေးမယ်ဆိုပြီး လန်းလန်းဆန်းဆန်းဖြစ်အောင် အဆင်ပြေမယ့် တန်းပလိတ်ရှာ စိတ်လိုလက်ရ ပြင်ရင်း မွမ်းမံရင်း စိတ်ကူးရတာနဲ့ အမှတ်တရတွေများစွာရှိနေတဲ့ မွေးရပ်မြေအကြောင်း ကဗျာလေးတစ်ပုဒ် ရေးဖြစ်တယ်။

လာရောက်လည်ပတ်သူမရှိတာ ကြာပြီဖြစ်တဲ့ ဒီဘလော့လေးထဲ မျက်စိလည်ပြီး ရောက်လာတဲ့သူတွေကို တန်းပလိတ်ပြင်နေခိုက် အမြင်မတော် ကြည့်မကောင်းနေတာတွေ ရှိခဲ့သော် ခေတ္တသည်းခံဖတ်ပေးဖို့ ပြောချင်ပါတယ်။

လူဟောင်းတွေနဲ့လည်း ပြန်ဆုံချင်ပါသေးတယ်။

အဝေးရောက် အသည်းကွဲကဗျာဆရာဟာ ဒီတစ်ခါတော့ ဆိုးနေတဲ့ ကံ နှင့် ဘ၀အလှည့်အပြောင်းကြောင့်၊ တန်ဖိုးထား မချစ်တတ်သူ ရိုင်းစိုင်းတဲ့ မိန်းကလေး ကြောင့် တခြားဘာမှလုပ်ကိုင်လို့မရအောင်ခံစားနေရတဲ့ ဝေဒနာတွေ လျော့ပါးသွားလိုငြား ပညာတစ်ခုခုကို လိုက်စားနေခြင်းအားဖြင့်၊ ကဗျာတွေပြန်ရေးရင်း ဘလော့ဂင်းနေခြင်းအားဖြင့် ထွက်ပေါက်ရှာမိပါကြောင်း ပြောဆိုရင်း ခင်ဗျားကို နှုတ်ဆက်လိုက်ပါတယ်။

ဒုက္ခဆင်းရဲတွေရဲ့တစ်ဖက်မှာ ရွှင်လန်းချမ်းမြေ့ပါစေ။

ပိုင်မင်းဆွေ


.................

5 comments:

Talkii said...

Welcome back naung taw! Enjoy blogging. Wishing you good luck.

Kaung Kin Ko said...

မုံရွာမှာ ကျနော်လည်း နေဖူးတယ်ဗျ။ ရေစင်ကြီးရှိတဲ့လမ်းမှာ။

Pie Min Swe said...

ဟုတ်လား ကိုကောင်း...
အဲ့ဒီနားတ၀ိုက် ဆိုရင်တော့ လယ်တီရပ်ကွက် သို့မဟုတ် ဒေါနခြံ ရပ်ကွက်ဖြစ်မယ်။

အိမ့်ချမ်းမြေ့ said...

နောင်တော် ..
မလေး ကဗျာတွေ လာမွှေနှောက်သွားတယ်။
အစစအဆင်ပြေပါစေ။

Nay Thiha said...

ကျွန်တော်က မုံရွာသား အမှန်အကန်တစ်ယောက်ပါ။ တွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ များများရေးရင် များများ အားပေးပါမယ်။