လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Saturday, March 20, 2010

ဘန်ဂလောသူ

သူ့အသားအရေမှာ
အ၀ါရောင် ဆာရီ က နေမင်းကြီးလို တောက်ပေးထားတယ်
ညည်း ဆာရီ ရှည်ရှည်ကြီးနဲ့ ကမ္ဘာလုံးကို အုပ်ထားရင်
ကမ္ဘာကြီးဟာလည်း ၀ါဝါကြီး ဖြစ်နေမယ်။

အခုလိုနွေရာသီမှာ
ဆာရီအောက်က မင်းခန္ဓာကိုယ်ဟာ အေးမြနေမှာလား
အချစ်ပျက်စီးနေတဲ့ငါဟာ မင်းအကြည့်ဒဏ်တွေကိုတော့
တခြားကမ္ဘာက ဂြိုလ်သားကို လူတွေဝိုင်းအုံကြည့်သလို
ရှက်ရွံအားငယ်နေမိတာ
ဒီနေရာဟာ မင်းနေရာ။

မင်းတို့ ဒီမိုကရေစီ နိုင်ငံဟာ ဘာတွေကို ခွင့်ပြုသလဲ
ငါဟာ နိုင်ငံရေးနားမလည်သူ အညတြ တစ်ယောက်သာ
မင်း သင်ထားတဲ့ ပညာတွေနဲ့ လူတွေကို အသည်းမကွဲအောင် လုပ်ပေးပါ
ကမ္ဘာကြီးကို စိတ်ချမ်းသာအောင် ပြုစားပါ။

မင်းပြောတဲ့အင်္ဂလိပ်စကားမှာ
လျာတွေ လိပ်လိပ်သွားတာ အံ့သြစရာ
ငါရေးထားတဲ့ ပရိုဂရမ်လေးတွေကို ကလေးတွေ ဂျင်ပေါက်သလို
ကိုင် ကိုင် ပေါက်နိုင်တာကလည်း အံ့သြစရာ
မိုဘိုင်းဖုန်း ၃ ၄ လုံးနဲ့ မရပ်မနား စကားပြောနိုင်တာ အံ့သြစရာ
အံ့သြငေးမောရုံကလွဲပြီး ငါ့မှာ ပြောစရာဘာမှမရှိပါ

စကားပန်းတွေမြင်တိုင်း တစ်စုံတစ်ယောက်ကို ငါ လွမ်းတတ်တာ မင်းကို ပြောလို့မဖြစ်ပါ
သရက်ဖူးတွေ မြင်တော့ ငါ တွေဝေငေးမောနေတတ်တာ မင်းကိုပြောလို့ မဖြစ်ပါ
ငါ့အခန်းတံခါးတွေက လိုက်ကာအပြည့် ချထားတတ်တာ
ငါ့နှလုံးသားက ဘယ်လောက်ခေါက်ခေါက် မပွင့်တော့တာ။

ဒိုးဒိုးဒေါက်ဒေါက် ဘန်ဂလောသူ
မင်း ဒေါက်ဖိနပ်ကို အရောင်တောက်တာတွေမှ ရွေးစီးဖို့ မင်းအမေက သင်ကြားခဲ့သလား
ငါ့ရွှေမျက်စိထဲတော့ ဒါကို ဖက်ရှင်လို့ မမြင်တတ်တာ ခွင့်လွှတ်ပါ
မင်းပြောတဲ့ ပုံပြင်မှာ ရွှေသမင်လေးဟာ
မိဂါဒါဝုန် တောအုပ်မှာ မြက်စားနေတယ်ဆိုတာ
နောက်တစ်ခါ သရက်တွေ မဖူးခင်ထိတော့ ငါ မြင်နေရအုံးမှာ။

ပိုင်မင်းဆွေ



................................................................................

4 comments:

စိုင်းလောဝ်ပိန်း said...

ဘန်ဂလောသူ
မင်းပြောတဲ့အင်္ဂလိပ်စကားမှာ လျာတွေ လိပ်လိပ်သွားတာ အံ့သြစရာ
အံ့သြငေးမောရုံကလွဲပြီး ငါ့မှာ ပြောစရာဘာမှမရှိပါ

ကျွန်တော်လည်း အံ့သြငေးမောသွားတယ် ကဗျာလေးကို

bravo said...

ကဗျာလေးကို ထဲထဲရောက်ရောက်
ဝင်ရောက်ခံစားသွားခဲ့ပါတယ် ဗျာ။

ကောင်းကင်ကို said...

ကဗျာလေး ခံစားသွားတယ်ဗျာ။ ဘန်ဂလောသူ ချောချောလေးတွေ မြင်ရင် ဒီကဗျာလေးကို သတိပြေးရမိမှာပဲ။ :P

Kyaw Nyo Thway said...

ကဗျာက ခပ်လွင့်လွင့်လေးပဲ။ သဘောကျတယ်