လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Monday, August 20, 2007

ဒဏ်ရာ ၉

လိုအပ်တဲ့အကွက်ဆီ
လက်မရွှေနိုင်တော့ဘူး
ချထားလိုက်ရတဲ့ ဂစ်တာ
ချထားလိုက်ရတဲ့ ချစ်ခြင်းမေတ္တာ။

သွားတော့နော် ကလေးမ
ရထားက စထွက်နေပြီ။

ငါမပြောဖူးတဲ့ စကားကို
ငါပြောတယ်
ငါ စိတ်မခိုင်ဘဲနဲ့
ငါ အော်ကျယ်အော်ကျယ် လုပ်ခဲ့တယ်
ပြီးတော့လည်း ငါ တစ်ယောက်ထဲ ငိုနေရတယ်
လူရှေ့သူရှေ့ လန်ကျသွားတဲ့ ဖဲလို
ငါဟာ တန်ဖိုးမရှိ ရှက်ရွံ့နာကျင်စွာ။

ပိုင်မင်းဆွေ
၂၀၀၄
မန္တလေးနည်းပညာတက္ကသိုလ် ကဗျာစာအုပ်

1 comments:

MELODYMAUNG said...

နည်းပညာတက္ကသိုလ်က ကဗျာလေးတွေ မကြာခဏဖတ်ဖူးတယ် ဒီမှာ ထပ်ဖတ်ခွင့်ရလို့ ကျေနပ်မိတယ် ဒီကဗျာလေးထဲက ပုံရိပ်ကိုလဲ မြင်ယောင်မိပါသေးတယ် ကဗျာလမ်းရေ အားပေးနေပါတယ်နော်