လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Wednesday, August 29, 2007

ခြေရာ

ပန်းချီကားထဲမှာ
မိုးရွာရင် ငုဝါပန်းတွေ ပွင့်ပြီး
တမာတောအုပ်လေးက မွှေးပျံ့လို့ ။

လ္ဘက်ရည်လို
လျှာထဲ စွဲကျန်ရစ်မယ့် အလွမ်းအဆွေး
ဟောင်နွမ်းသွားတဲ့ လွယ်အိတ်လေးက
ဟောင်းနွမ်းသွားတဲ့ ကျောင်းသားဘ၀အကြောင်း
အရေးတယူ ပြောဆိုလို့။

အဆင်မပြေတဲ့အခါ
ဆေးပေါ့လိပ်နားကြားထိုးပြီး လျှောက်ခဲ့တဲ့လမ်း
နောင်နှစ်ပေါင်းများစွာ ကြာလည်း
အရင်လို တဖြည်းဖြည်း မြင့်တက်လို့ ။

" ဟေ့ ....
ဘွဲ့နှင်းသဘင်နဲ့ စာသင်ခန်းမတွေ
ငါတို့ တိုက်ခတ်ဖူးတယ် ဆိုတဲ့အကြောင်း
ငါတို့ သီချင်းတွေ အော်ဆိုဖူးတယ် ဆိုတဲ့အကြောင်း
ငါတို့ ထားရစ်ခဲ့တဲ့ အရေးအသားတွေကတဆင့်
နှောင်းလူတို့အား လက်ဆင့်ကမ်း ပြောပြပေးပါ "
နံရံမှာ ရေးထိုးခဲ့ကြ
သစ်သား ခုံတန်းပေါ် ထွင်းထုခဲ့ကြ
ခေတ်တွေအား လက်ဆင့်ကမ်း သယ်ဆောင် ရှေ့ဆက်လို့ ။


ပိုင်မင်းဆွေ

* ဟိုးယခင် MIT ၊ ယခု MTU ( မန္တလေးနည်းပညာ တက္ကသိုလ် ) ကျောင်းထွက်
ကျောင်းသားဟောင်းများအား အထူးရည်ရွယ်၍ ကျောင်းသား ဘ၀ ဖြတ်သန်းဖူးသော
အယောက်တိုင်း အယောက်တိုင်း သို့ .........................။

4 comments:

Linker++ said...

ကျောင်းအကြောင်းတွေရေး ကျောင်းကိုတောင် ပြန်လွမ်းလာပြီ

Anonymous said...

ဒီကဗျာလေး ဖတ်ပြီး ကျောင်းသူဘ၀ လွမ်းမိသွားပါတယ်။

Anonymous said...

MIT …ကျောင်းထွက်တစ်ယောက်အနေနဲ့  အထူးခံစားသွားပါကြောင်း…..ဟော….တမာနံ့တွေရလာသလိုပဲ ….။

Kaung Kin Ko said...

း-) လွမ်းသွားတယ်ဗျ။ တက်စတုန်းကတော့ အရမ်းခေါင်လို့ စိတ်ညစ်တယ်ဗျ။ သူငယ်ချင်း တယောက်က အမ်အိုင်တီ တောရ လို့တောင် တင်စားဖူးတယ်။ "နေပူလေတိုက်၊ လူမိုက်ပျော်သည်၊ အမ်အိုင်တီ" ဆိုတဲ့ ကဗျာတိုလေးကိုတောင် မှတ်မိသေးတယ်။ ခုံပေါ်မှာ ရေးထားတဲ့ဟာ။ အခုတော့လည်း လွမ်းစရာ။