လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Saturday, August 25, 2007

အချစ်အကြောင်း

နားကြပ်နဲ့
သူ့ရင်ဘတ်ကို ထိစမ်းနေတယ်။

သူ့လက်ဖျံ ဆိုတာလည်း
ဆေးတွေစီးဆင်းရာ မြေနိမ့်ဒေသ။

သူဟာ သေဆုံးပြီးသား ဆိုတဲ့အကြောင်း
သူလည်း အကြိတ်အနယ် ရှင်းပြထားတာပဲ။

" အသက်ကယ်ဆေးတွေ ထပ်ရောက်လာပြန်တယ် " ။

ပိုင်မင်းဆွေ


1 comments:

မောင်ဘုန်း said...

ကဗျာလေးက အသက်ဓာတ်ပါတယ်ဗျာ...နိမိတ်ပုံလည်း အပြလှတယ်