လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Sunday, September 16, 2007

ကြယ်

အရေးတယူ ဆွေးနွေးတဲ့အခါကျမှ
ပန်းကလေးက ပိတ်သွားတယ်။

လူတွေက ခက်ပါတယ်။

ရေဘေး မီးဘေး သတင်းများ
ဝင်လာတယ်။

ခပ်ထုတ်လို့မကုန်အောင်
လှေဝမ်းထဲ ဒုက္ခတွေ အပြည့်နဲ့ပါ
အမြန် ကြေးနန်း ရိုက်လိုက်တယ်။

အေးအေးဆေးဆေး စံပယ်ပန်းများ စိုက်ပျိုးတဲ့သူ
လူ အပြတ်ဆုံး လမ်းကို ရွေးခဲ့တယ်။

ကျွန်တော့်အခန်းလေးကို ဖျက်ဆီးသွားသူ အကြောင်း
ကျွန်တော့်စကားထဲမှာ မပါတဲ့အခါ
နတ်တွေက အားမလိုအားမရ ဖြစ်ကြတယ်။

လူ့ဘ၀ဟာ တိုတောင်းလွန်းတယ်လို့
ခံယူထားသူ တစ်ယောက်
ခေါင်းကလေးငုံ့ လှည့်ပြန်ခဲ့တယ်။

ညအခါ ကြယ်တွေကို ထိုင်ကြည့်ဖူးလား
သေးငယ်တဲ့ နေအဖွဲ့အစည်းထဲ
လူ့အဖြစ်က ပိုပြီး မှုန်မွှား သိမ်ငယ်လွန်းပါတယ်။





ပိုင်မင်းဆွေ

၂၀၀၅ .... ၂၀၀၆
.................................................................................................

1 comments:

phonenaythwun@ gmail.com said...

ကဗျာလေးကို သဘောကျတယ်ဗျာ...အထူးသဖြင့် အဲဒီခေါင်းစဉ်လေးကောပေါ့...ကျွန်တော်လည်း ကြယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာတွေစီးရီးလိုက်ရေးချင်သွားတယ်...ကဗျာလေးတွေ အရမ်းလှတယ်...ကြိုက်တယ်ဗျာ...