လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, November 8, 2007

ခရေ


ခရေတို့နေတဲ့ အိမ်လေးက
ယိုင်နဲ့နေပြီ
ခရေ ၊ အကြီးမ
ဗန်းကလေးကိုင်ပြီး ထွက်လာခဲ့တယ်။

ခရေ ရဲ့ ဗန်းထဲမှာ
ဘာတွေပါသလဲ
မနက်ဖြန်တွေ ပါတယ် တဲ့
ဟဲ့ .. ပလုပ်တုတ် ဒီကောင်မလေး
လူကို ၀င်တိုက်ရလား
ခရေအတွေးလွန်နေစဉ် အမြန် လှမ်းဖမ်းတယ်
တံတောင်ဆစ်မှာ သွေးစို့သွားပေမယ့်
ဗန်းက မှောက်မကျဘူး
မပြောဘူးလား မနက်ဖြန်တွေ ပါတယ်ဆိုတာ
မှောက်လို့မဖြစ်ဘူး ယုံပြီလား ။

ခရေက ဥာဏ်ကောင်းတော့ ဗန်းထဲမှာ
အခြားအရာတွေ တင်ရောင်းတတ်လာတယ်
ခရေ ကုန်စုံ ဆိုင်လေး ပိုင်လာခဲ့တယ်။

ခရေ မောင်လေးကို ကျောင်းထားတယ်
အပျိုပေါက်အငယ်မကို အ၀တ်ဆင်တယ်
အမေ့ရောဂါကို ဆေးခန်းပြနိုင်လို့ ပျော်
သူ့အိမ်လေးကို ပြင်နိုင်သွားပြီ
အိမ်မှာ ဆိုင်းဘုတ်တင်လိုက်တယ်
မခရေ အပ်ချုပ်ဆိုင် တဲ့။

ခရေတစ်ယောက် အပ်ချုပ်ဆိုင် ဖွင့်ပြီး
အထည်ချုပ်နေတာလဲ တစ်ခါမှ မမြင်ဖူးဘူး
ခရေ့ကုန်စုံဆိုင်လေးက
တစ်ရက် ဘယ်လောက် ရောင်းရမှာတဲ့လဲ
ဘာလဲ ခရေ့ အိမ်လေးရဲ့ ၀င်ငွေနဲ့ ထွက်ငွေကို
တွက်ပြရမှာလား
မတွက်ပြဘူး မတွက်ပြဘူး
မိခရေ ကို သနားလို့
ဘေးအိမ်က မတင်ရီ ပြောရင်း မျက်ရည်စို့လာတယ်။

တနေ့ ကျွန်တော် မနက်စောစော အပြေးလေ့ကျင့်တော့
အမှောင်မကွဲသေး ၊ လမ်းထဲ ကားလေး ချိုးကွေ့လာ
ခရေ့အိမ်လေးမရောက်ခင် အကွယ်၊ ထိုးရပ်လိုက်တယ်
ခြေထောက်လှလှလေး တစ်ဖက် ကျလာ
ဘေးဘီ ဟိုဒီ ကြည့်ကာ အိမ်ထဲကိုပြေးဝင်သွား
အဲဒါ ကျွန်တော် သိပ်မြတ်နိုးရတဲ့
ခရေ။


ပိုင်မင်းဆွေ

၆ နိုဝင်ဘာ ၂၀၀၇
ည ၁၁ နာရီ ၂၁ မိနစ်။



5 comments:

TKLinn said...

Nice Poem :

Chaos said...

ဟုတ်
ဟုတ်ပါဘူး အပေါ်က စာဖတ်ပြီး
နောင်တော်ရဲ့ စကားကိုနားထောင်ချင်ယောင်ဆောင်တာလေ
နောင်တော်ရေ
ခရေ ကဗျာလေးက အရမ်းသရုပ်ပေါ်တယ်

MELODYMAUNG said...

ခရေကို ခံစားသွားတယ် ခရေလိုဘ၀တွေဘယ်လောက်များမလဲ မမှန်းဆနိုင်ပါဘူးဗျာ :(

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဝမ်းနည်းဖွယ်ကောင်းသောကဗျာတစ်ပုဒ်ပါ ။အနင်းခံမလေး ခရေ မွှေးပျံ့နိုင်ပါစေဗျာ။

Anonymous said...

ရင်နင့်ပါတယ်။