လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Thursday, May 6, 2010

လူဖြစ်ရတာကောင်းတယ်

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငါဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး... ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစတုန်းက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
ဒါကြောင့်ငါပြောတာပေါ့
လူဖြစ်ရတာကောင်းတယ်
တစ်ခါတစ်လေ ဘ၀င်နည်းနည်းမြင့်၊ တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး၊ တစ်ခါတစ်လေ သတိရ၊ တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
လူဖြစ်ရတာကောင်းတယ်
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါ ရဲရဲကြီးပြောပါတယ်
လူဖြစ်ရတာကောင်းတယ်
ဆေးရုံတက်မလား၊ ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား၊ အပြေးလေ့ကျင့်မလား
အိမ်ထောင်ပြုမလား၊ နေမျိုးကြီးကဗျာတွေဖတ်မလား
လူဖြစ်ရတာကောင်းတယ်
ယဉ်ကျေးပါ၊ သင်ယူပါ၊ ရိုးဖြောင့်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရှူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ ၀ံပုလွေတစ်ကောင်ဖြစ်နေခဲ့ပြီကွဲ့။

နေမျိုး



၂၀၀၈ ခုနှစ်ရောက်မှ ဆရာနေမျိုးရဲ့ကဗျာတွေသတိထားဖတ်မိပြီး ကြိုက်လာတဲ့ ကျွန်တော်ဟာ လူဖြစ်ရတာကောင်းတယ်ဆိုတဲ့ သူ့ကဗျာစာအုပ်ဖတ်တုန်းက စာအုပ်ထဲမှာ ရှာမတွေ့ခဲ့တဲ့ လူဖြစ်ရတာကောင်းတယ်ဆိုတဲ့ ကဗျာလေးကို လမ်းအိုလေးဘလော့မှာ တွေ့လို့ ကူးယူဖော်ပြလိုက်ပါတယ်။ လပေါင်းများစွာ စိတ်ထိခိုက်ရပြီး အရာရာကို အဆိုးမြင်စိတ်နဲ့ ပိတ်ဆို့နေတဲ့ ကျွန်တော့်ကို ဒီကဗျာလေးက အနည်းငယ်သက်သာစေပါတယ်။

လူဖြစ်ရတာဟာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲဒီဒုက္ခဘုံကြီးအကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်

ဟုတ်ကဲ့.. လူဖြစ်ရတာကောင်းတယ်တဲ့...

လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်


ပိုင်မင်းဆွေ

1 comments:

Unknown said...

အကိုေ၇ တကယ့်ကိုလူဖြစ်၇တာကောင်းပါတယ်နော် ကောင်းလိုက်တာ