လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Tuesday, May 25, 2010

ညောင်ညိုပင်စခန်း

တို့ရောက်တာနဲ့ အတိတ်ဟာ အုံ့ဆိုင်းတော့တာပဲ
သနပ်ခါးရနံ့လေးကအစ နိုင်ငံခြားဖြစ်ရေမွှေးနံ့အဆုံး
ထိတ်ထိတ်ပျာပျာဖြစ်ခဲ့ဖူးသမျှ မပီပြင်တော့မှုထဲ တိမ်ဝင်
ဟိုအရင် စကားပန်းတွေနဲ့ သူ့ရယ်သံ သိပ်လှ/သိပ်ရိုးသား
သူ့ဆီကကြယ်တွေ တို့ဆီ ပစ်ပစ်ပေါက်သလိုရောက်လာဖူးတယ်
အဲသလို ရောက်လာခဲ့ဖူးတာ ကျိန်တွယ်ပြောဆို ပြောပါ့မယ်
အခုတော့ သူ့အသား သူဆိတ်ကြည့်ရ
ကိုယ့်သွေးကိုယ် စမ်းကြည့်ရ
တူတူပုန်းတမ်းကစားရင်းနဲ့ နတ်ဖွက်ခံခဲ့ရပေါ့
ပုန်းနေတဲ့ ထောင့်ချိုးလေးကနေ ပျောက်သွားလိုက်တာ
လိုက်ရှာသူတွေ လက်ချည်းဗလာ ပြန်ခဲ့ရတယ်။

ပိုင်မင်းဆွေ
၂၅၊ မေ ၊၂၀၁၀
၉.၄၇ မနက်။

http://modernpoemroad.blogspot.com

5 comments:

Unknown said...

ညောင်ညိုပင်စခန်းကို ပြန်ရောက်တဲ့တစ်နေ့ နတ်ဖွတ်ထားတဲ့သူလေးကို ပြန်တွေ့မယ်ထင်ပါတယ် :)

ညိမ်းညို said...

ညောင်ညိုပင်စခန်းတော့ ပြန်မရောက်ပါစေနဲ့နယ်ရာ
တို့အကိုကြီး ထပ်ပီးလမ်းခွဲနေရပါဦးမယ် :P
ဘယ့်နှယ် ...း)

မာန်လှိုင်းငယ် said...

နောင်တော်ကြီးတို့ရေ ... မာန်လှိုင်းငယ်တော့ အခု ကဗျာတွေလာဖတ်နေပါတယ်၊ အဆင်ပြေကြတယ်မဟုတ်လား။ မရောက်တာကြာနေလို့ အခု လာရောက်ဖတ်နေပါတယ်ဗျာ။

ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

မာန်လှိုင်းငယ်

ကိုရင်နော်ခင်လေးငယ် said...

အကိုရေ....

တကယ်ပါ ဒီကဗျာလေး ဖတ်ပြီးတော့
စကားပြေ ရေးချင်စိတ်လေးတစ်ခု လှစ်ကနဲ ဖြတ်ပြေးသွားတယ်..
း)

လေးစားခင်မင် ချစ်ခြင်းအားဖြင့်..

bravo said...

ကိုယ့်သွေး ကိုစမ်းကြည့်ရ
တူတူပုန်းတမ်းကစားရင် နတ်ဖွက်ခံခဲ့ရ။