လယ်ကန်သင်းရိုးပေါ် လေချွန် လမ်းလျှောက်
မြက်ခင်းနဲ့ မြေသားကို ကိုင်တွယ်စမ်းသပ်ကြည့်
ကျွဲတွေကြားထဲ ရွှံ့ရေ ၀င်လူး
ကမ္ဘာမြေဟာ တယ် အရသာရှိပါလား

Pages

Friday, May 7, 2010

သီတင်းကျွတ်

ရွှေလ ဘုရားအရိပ်ထဲ ဖိတ်ကျ
သူ့အရိပ် ကိုယ့်အရိပ်ထဲ ဖိတ်ကျ
ဆီမီး နဲ့ မီးရှူးတွေ ပြန်သွားပြီ
စက္ကူမီးပုံးကားလေး
အမွှေးတိုင်ရနံ့တွေကြား စတီယာရင်ထိန်းရင်း
လူတွေကို ပို့ပြီး ပြန်လာပြီ
အနမ်းတွေကို သိမ်းကြစို့
ညဥ့်နက်လှပြီ ပြန်ရအောင်။

ပိုင်မင်းဆွေ



To (17.10.2005) Thidingyut full moon night

4 comments:

လင်းဒီပ said...

မိုက်တယ်ဗျာ
သီတင်းကျွတ်မို့ သီတင်းကျွတ်ကဗျာတွေ ရှာဖတ်ရင်းေ၇ာက်လာတယ်။

လင်းဒီပ said...

ဒီကဗျာလေး ကျွန်တော် ဘလောဂ့်မှာ တင်ချင်လို့ မသွားတယ် ဗျို့ :)

ပိုင်မင်းဆွေ said...

ယူစေဗျ.....
:)

Ko Pyae said...

သီတင်းကျွတ် ည လို့တတ်ရင် ပိုကောင်းမလား မသိဘူးနော်
ဘာပဲဖြစ်စြဖ် taxi Page မှာတင်ဖို့ ယူသွားပါတယ် အကို့နာမည်နဲ့တကွပေါ့ ကျေးဇူးပါခင်ဗျာ..။